အမေပြောသော ဟင်းချက်နည်းများ

20 September 2009

ကန်စွန်းရွက်ကြော်

ကြက်သွန်ဖြူဆီသတ်ပြီး ကန်းစွန်းရွက်ထဲ့။ အဖုံး မပိတ် ပဲမွေနေပါ။ဆား အချို မှန့် ထည့်။ ကန်စွန်းရွက် အနည်းငယ် အရောင်ပြောင်းလျှင် ချ၍ အဖုံး မပိတ် ထားရပါ။

ပိန်းဥဟင်းချို

ပိန်းဥ၊ရေ၊ဆား ပုစွန်ခြောက် ငပိ ကြက်သွန် ဖြူ ပါထည့် တည်ထား ပါ။
ပိန်းဥ နူးလျှင် အရသာမြည်းစမ်း၍ လို သည်ကိုထပ်ထည့်ပါ။
မချမီပင်စိမ်း အုပ်၍ ချပါ။

မျှစ်ချဉ်ဝက်သား

မျှစ် နှင့် ၀က်သား အနေတော်တုံး ထားသည်ထဲသို့ ဆား ၊အချို မှန့် ၊ ငပိနဲနဲ၊ ဆနွင်း၊ ငြုတ်သီး အစိမ်းမှန့်  (အရောင်တင်မှန့် ) ၊ ဆီ ပါ ထည့် ပြီး နှံ့ အောင်နယ်ပြီး မှ ၀က်သားတုံး ကို ပြန်ထုတ်ထား ပါ။ ရေ ထည့်ပြီး ရေများများ နှင့် မျှစ်ချဉ်ကို တည်ထားပြီး ရေခန်းလိုက်ရေထည့်လိုက်ဖြင့် မျှစ်ချဉ်ကျက် မှ ၀က်သားတုံး၊ ကြက်သွန်နီ၊ အဖြူ ၂ တက်လောက် ထည့်ပြီးရေထည့်ပြီး ပြန်တည်ပါ။ မီးပြင်း ရန်မလို ပါ။ ၀က်သား နူး ပါက စားလို့ ရပါပြီ။

ဟင်းချို ရိုးရိုး

ရေထဲတွင် ငပိစနဲနဲ၊ ဆား နဲနဲ နှင့် ပုစွန်ခြောက်နဲ နဲ ၊ကြက်သွန်ဖြူ ၁ ဥ ၂ ဥ ခန့်  ဒါပြား နှင့်ရိုက်ပြီး တည်ထား ပါ။
ပွက်ပွက်ဆူလာလျှင် ဟင်းရွက်စိမ်းထဲ့။ ခဏပွက်ရုံ နှင့် ချထားလိုက်ပါ။ အချိုမှန်ု့ ထဲ့လိုက ထဲ့။ ငရုတ်ကောင်းမှု န့် ထဲ့ လျှင်လည်းထဲ့။

ငပိကြော်

ကြက်သွန်ဖြူ ကို ကြွပ်အောင် မီး နဲ နဲ ဖြင့် ကြော်ပြီး ဖယ်ထား။ ပြီး တော့ ကြက်သွန်နီပါးပါးလှီ ထား တာကို လဲ ကြော်ပြီး ဖယ်ထားပါ ။ အအေးခံပါ။ ငါးပိသင့်သလောက်ကို မန်းကျည်းသီး အနှစ်ရည် ထဲ မှာ ထဲ့ဖျော်ပြီး ငပိ ကျေ အောင် နယ်ပေး။ ၄င်း ငပိ ဖျော်ရည်ထဲ တွင် အချို မှန့် ၊သကြား ပါ ရောထဲ့ ၍ ကြက်သွန်ကြော်ထားတော ဆီပူ ထဲ သို့  ငြုတ်သီး အကြမ်း မှန့်  သင့် သလောက် နှင့် ပု စွန်ခြောက်မှုန့်  ကို မီးပေါ်တွင် ကျွတ်အောင်မွေပေး ပါ။ နနွင်း မှုန့်  လဲ ထည့် ပါ။ ငြုတ်သီး နှင့် ပုစွန်ခြောက်ကျွတ်လာလျှင် မန်းကျည်းသီး နှစ်နှင့် ငပိရည် ဖျော်ထဲ့ ပါ။ မီးနည်းနည်း နှင့် ဆီပြန်ခြောက်သည်အထိ ကြော်ရသည်။ ဆီပြန်ခြောက်တော့မှ အအေး ခံပြီး ကြက်သွန်ဖြူနီ ကျွတ်ကြော် ကို ရောမွေ ပါ။ အငံကဲနေပါက သကြားထပ်ထဲ့၍ မွေ ပါ။
(ငံပြာရည်ကြော်လည်း ၄င်းနည်းအတိုင်း ငပိ အစား ငံပြာရည်ထဲ့ရန်သာ)

31 July 2009

ကုန်းဘောင်ကြော်

(၁)အသားကို ဆား၊သကြား၊အချိုမှန့်  နှင့် နယ်ပြီး ရေအနည်းငယ်သာထည့်ပြီး မီးပေါ်တင်ပါ။
(၂) အသားနူးပြီး ဆီပြန်လာလျှင် ကြက်သွန်ဖြူ နည်းနည်းထဲ့ပါ။ ဂျင်းရည်ထဲ့ပါ။ အနည်းငယ်မွေပြီးနောက် ကြက်သွန်နီ အစိတ်ကြီးကြီးစိတ်ရ်ျ မွေ။ ခဏအုပ်ပြီး ငရုတ် သီးအတောင့်ကြော်အုပ်ပြီးစားနိုင်ပါပြီ

ချဉ်ရည်ဟင်း

ဟင်းရွက်ကို ငါး(သို့ ) ပုစွန်ခြောက် နှင့် ဆား၊နနွင်း၊ငပိ၊ ဂရုတ်သီးအစိမ်းမှုန့် ၊ ဆီ အနည်းငယ်၊ ကြက်သွန်နီ ထဲ့ပြီး နယ်ပါ။
(၂) ရေအနည်းငယ် ထဲ့ ပြီး မီးဖိုပေါ်တင်ပြီး မွေပါ။
(၃) ဟင်းရွက်နူးလျှင် မကျည်းမှည့် ရည် ထည့်ပြီး စားသုံးနိုင်ပါသည်။

Blog Archive