20 September 2009

ငပိကြော်

ကြက်သွန်ဖြူ ကို ကြွပ်အောင် မီး နဲ နဲ ဖြင့် ကြော်ပြီး ဖယ်ထား။ ပြီး တော့ ကြက်သွန်နီပါးပါးလှီ ထား တာကို လဲ ကြော်ပြီး ဖယ်ထားပါ ။ အအေးခံပါ။ ငါးပိသင့်သလောက်ကို မန်းကျည်းသီး အနှစ်ရည် ထဲ မှာ ထဲ့ဖျော်ပြီး ငပိ ကျေ အောင် နယ်ပေး။ ၄င်း ငပိ ဖျော်ရည်ထဲ တွင် အချို မှန့် ၊သကြား ပါ ရောထဲ့ ၍ ကြက်သွန်ကြော်ထားတော ဆီပူ ထဲ သို့  ငြုတ်သီး အကြမ်း မှန့်  သင့် သလောက် နှင့် ပု စွန်ခြောက်မှုန့်  ကို မီးပေါ်တွင် ကျွတ်အောင်မွေပေး ပါ။ နနွင်း မှုန့်  လဲ ထည့် ပါ။ ငြုတ်သီး နှင့် ပုစွန်ခြောက်ကျွတ်လာလျှင် မန်းကျည်းသီး နှစ်နှင့် ငပိရည် ဖျော်ထဲ့ ပါ။ မီးနည်းနည်း နှင့် ဆီပြန်ခြောက်သည်အထိ ကြော်ရသည်။ ဆီပြန်ခြောက်တော့မှ အအေး ခံပြီး ကြက်သွန်ဖြူနီ ကျွတ်ကြော် ကို ရောမွေ ပါ။ အငံကဲနေပါက သကြားထပ်ထဲ့၍ မွေ ပါ။
(ငံပြာရည်ကြော်လည်း ၄င်းနည်းအတိုင်း ငပိ အစား ငံပြာရည်ထဲ့ရန်သာ)

No comments:

Post a Comment

Blog Archive